Thursday, July 10, 2014

DVB သီပေါက တရုတ်ရေနံဓာတ်ငွေပိုက်လိုင်း ပေါက်မှာ ဒေသခံတွေစိုးရိမ်

သီပေါမြို့နယ်အတွင်းက ဆားဓါတ်ရှိတဲ့မြေနေရာမှာ မြန်မာ-တရုတ်ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းဖောက်လုပ်ထားတာကြောင့် ပိုက်လိုင်း ဆွေးမြေ့ပေါက်ကွဲမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။ ခွန်ဇော်ဦးပေးပို့ထားပါတယ်။ DVB TV - 10.07.2014


Thursday, January 17, 2013

China will Compensate for Myanmar Farmers Along Gas Pipeline

2013年1月17日
ရေနံနဲ့ဓာတ်ငွေ့ပိုက်လိုင်းကြောင့် မြေယာဆုံးရှုံးသူများအတွက် လျော်ကြေးပေးမည်ဟု တရုတ်အစိုးရပြော
ကျောက်ဖြူကနေ ယူနန်အထိသွယ်တန်းနေတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်မှုကြောင့် ဆုံးရှုံးသွားတဲ့ မြေယာတွေအတွက် လေးပွင့်ဆိုင်ညှိနှိုင်းပြီး လျော်ကြေးပေးသွားမယ်လို့ ဇန်န၀ါရီ ၁၇ရက်နေ့မှာ တရုတ်စီးပွားရေး ဒုတိယ၀န်ကြီးက ပြောလိုက်ပါတယ်။
ဒေသခံအစိုးရ၊ လယ်သမားတွေ၊ တရုတ်အစိုးရနဲ့ တရုတ်ကုမ္ပဏီ လေးပွင့်ဆိုင် တွေ့ဆုံညှိနှိုင်းပြီး ပိုင်လိုင်းတည်ဆောက်စဉ် ဆုံးရှုံးနစ်နာမှုတွေအတွက် ဖြေရှင်းပေးသွားမယ်လို့ ဒုဝန်ကြီး မစ္စတာ ချန်ကျန်းက တရုတ်သံအမတ်ကြီးနေအိမ်မှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။